ခရမ်း ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရမ်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက အမှတ် (၃) ရပ်ကွက် ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရမ်းမြို့နယ်စီမံစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး၊ လူငယ်လူရွယ်များ အားကစားစိတ်ဓာတ် ရှင်သန်ထက်မြတ်စေရေးနှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် အ.ထ.က (၂) မြို့မအသင်းနှင့် အ.ထ.က (ကွမ်းမိုးဒိန်း) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဖူဆယ်ဘောလုံးအသင်း (၈) သင်းတို့က အုပ်စုပတ်လည်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၆ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရမ်း (ပြန်/ဆက်)