ရွှေပြည်သာ ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်မဲရုံအသီသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၂၆)ရက်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရွှေပြည်ရတနာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးမှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာမဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာများပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)