တိုက်ကြီး ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံများသို့ မဲပေးစက်များ ထုတ်ယူနေမှုအခြေအနေနှင့် မဲရုံများခင်းကျင်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါလုပ်ငန်းများကို တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၉၅ အုပ်စု၊ မဲရုံ ၁၇၉ ရုံအား ကွင်းဆင်းစိစစ်ရန် ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း ၄၄ ဖွဲ့မှ တာဝန်ရှိသူများက မဲရုံများသို့ မဲပေးစက်များ ထုတ်ယူနေမှုအခြေအနေ၊ မဲရုံနှင့်မဲရုံပရဝုဏ်အတွင်း သန့်ရှင်းသာယာ လှပစေရေး ဆောင်ရွက်ထားရှိမှု၊ မဲရုံခင်းကျင်းနေမှု၊ မဲစာရင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ ဆောင်ရွက်ထားရှိမှု၊ ပြည်သူများ ဆန္ဒမဲလာရောက်ပေးနေချိန် မဲပေးပုံအဆင့်ဆင့်နှင့်စပ်လျဉ်းသည့် Video clip အသိပညာပေးပြသရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)