လားရှိုးမြို့တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်း ဆောင်ရွက်

 လားရှိုး ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မဲစာရင်းများစစ်ဆေးခြင်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့  မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လားရှိုးမြို့နယ်ရုံးတို့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာစာရေးများက မဲဆန္ဒရှင်စာရင်းများတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေး၊ မဲဆန္ဒရှင်စာရင်း ကျန်ရှိမှုမရှိစေရေးတို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ကြ‌ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)