မှော်ဘီ ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်၊ အခွင့်အရေးပြည့်ဝစွာရရှိစေရေးအတွက် ဒီဇင်ဘာ (၂၈) ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်မဲပေး နိုင်ရေးရည်ရွယ်ကာ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းကမှော်ဘီမြို့အမှတ် (၄) လမ်ဆုံရှိ ပြည်သူများ၊ YBS ကားဂိတ်နှင့် သုံးဘီးဂိတ်များ၊ ဈေးများ၊ ဈေးဆိုင်များနှင့် လူစည်ကားရာနေရာများ၌ အများပြည်များ၏ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ ဖြန့်ဝေဆောင်ရွက်ခြင်းကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်တို့ကဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခင်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့က “ဒို့အတူတူမဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့”၊ “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ”၊ “ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာဖော်ဆောင်နိုင်ပါသည်”၊ “ဒီမိုကရေစီခိုင်မြဲဖို့မဲရုံသွားပြီးမဲပေးကြပါစို့”၊ “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့”စသည့် အကြောင်းအရာများပါဝင်သည့် လက်ကမ်းစာစောင်များကိုလူစည်ကားရာနေရာများ၊YBS ကားပေါ်များ၊ သုံးဘီး၊ ဆိုင်ကယ်၊ အနှေးယာဉ်ဂိတ်များရှိပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)