စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေး

စဉ့်ကိုင် ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာတက္ကသိုလ်ဝင်း မွန်ရေးသားသည့် " အမျိုးသားပညာဝန် ဦးဖိုးကျား၏ ဘဝနှင့်စာပေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း နာယက ဦးသန်း‌အောင်က " ပညာဗဟုသုတရှာပုံ " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကိုက "သတင်းစာနှင့်ကဗျာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဒေါ်ခင်စန်းက "သပြေနုချိန်၊ ဖေ-ပု-ရှိန်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (အဖွဲ့ဝင်) ဒေါ်မိုးမိုးက "ကျောင်းသားငယ်များ သပိတ်မှောက်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် (Book Club) အဖွဲ့ဝင်များကလည်း စာအုပ်တွင်ပါဝင်သည့် အခန်းကဏ္ဍများအလိုက်မိမိတို့၏ အတွေးအမြင် ရသများအား အသီးသီး ပါ၀င်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)