ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့ ဦးဆောင်၍ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှုံမှုဖိုရမ် ၂၀၂၅ ကို ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိရာ ဖိုရမ်သို့တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ၏ စကားသံများ

တွေ့ဆုံမေးမြန်း-ဒေါ်စိုးစိုးအေး(ပြန်/ဆက်)

မေး။   မင်္ဂလာပါဆရာရှင့်။ ဆရာရဲ့ နာမည်၊ ရာထူးတာဝန်နဲ့ ဌာနလေးကိုလည်း မိတ်ဆက်ပေးပါအုံးရှင့်။

ဖြေ။ ကျွန်တော်ကတော့ ညွှန်ကြားရေးမှူးဒေါက်တာထွန်းထွန်းဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ကော်မတီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်ပေါ့နော် ရန်ကုန်(ရုံးချုပ်)က ရင်းနှီးမြှုပ်နှံမှုဌာနခွဲ(၁) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စားသောက်ကုန် ဒါတွေကို ကျွန်တော်ကိုင်တွယ်ပေးနေတဲ့ ညွှန်ကြားရေးမှူးဖြစ်ပါတယ်။

မေး။   ဟုတ်ကဲ့ပါ။ ဒီနေ့ပေါ့နော် ဇွဲကပင်ခန်းမမှာ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၅ ကျင်းပနေတယ်လို့ သိရတယ်ပေါ့နော်။ ဒီဖိုရမ်မှာ ဆရာအနေနဲ့ ဘာတွေဆွေးနွေးခဲ့လည်း ဆိုတာကို သိပါရစေရှင့်။  

ဖြေ။   ကျွန်တော် Kayin State ၂၀၂၅ ဒီဖိုရမ်မှာတော့ အဓိက ကျွန်တော်တို့ (ရုံးချုပ်)အနေနဲ့ကတော့ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် အကလိုဘေ့ indensity ဒါတွေကို ကျွန်တော်ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ဆိုရာမှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

မေး။   ဟုတ်ကဲ့ပါ။ ဒီနေ့ဆွေးနွေးခဲ့တဲ့အပေါ်မှာ ဆရာအနေနဲ့ ကျေနပ်အားရမှု ရှိပါသလားရှင့်။

ဖြေ။    ကျေနပ်အားရမှု ရှိပါတယ်ခင်ဗျာ။

မေး။   ဟုတ်ကဲ့ပါ။ ဒီဖိုရမ်မှာပေါ့နော် ဒါကရင်ပြည်နယ်မှာ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ ဖိုရမ်လို့လည်း သိရတယ်ပေါ့နော် ။ ဒီဖိုရမ် ကျင်းပခြင်းရဲ့အပေါ် ဆရာရဲ့အမြင်လေးကို သိပရစေရှင့်။

ဖြေ။  အဓိကက ကျွန်တော်တို့ ဒီဖိုရမ်ကျင်းပရခြင်းက ဘာလဲဆိုတော့ လက်ရှိနိုင်ငံတော်အစိုးရနဲ့ နောက်ပြီး ဒီပြည်နယ်အစိုးရက ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးနေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီလိုပွဲမျိုးလုပ်တာက ပြည်နယ်မှာ အဓိက ဘယ်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေ လိုအပ်ချက်တွေ ရှိနေတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ မွေးမြူးရေးနဲ့ ပတ်သက်တဲ့ အစာချက်စက်ရုံ ဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဖိတ်ခေါ်လို့ရတယ်။ စိုက်ပျိုးရေးဆိုလည်း အဓိကက စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေ အမျိုးမျိုးထုတ်ကုန်တွေ ဒါတွေကို ကိုယ်ဘယ်လိုကောင်းအောင် လုပ်နိုင်မလဲဆိုတာ ဒါတွေဖော်ထုတ်ခွင့်ရတဲ့အတွက် အများကြီးအကျိုးကျေးဇူး ရှိပါတယ်ခင်ဗျာ။

မေး။   ဟုတ်ကဲ့ပါ။ ဒီနေ့ကျင်းပတဲ့ ဖိုရမ်ထဲမှာပေါ့ ကရင်ပြည်နယ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်နှစ်ဦးလောက်ရှိများ တက်ရောက်ခဲ့သလဲရှင့်။

ဖြေ။    ဟုတ်ကဲ့။ ကျွန်တော် ခန့်မှန်း ၃၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်ခင်ဗျာ။

မေး။   ဒီလိုမျိုးဖိုရမ်တွေ ဘယ်မြို့နယ်တွေမှာ ကျင်းပဖို့လဲ ရှိပါသေးလဲရှင့်။

ဖြေ။    ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်နှင့်အညီ ဒီမန္တလေး၊ ဧရာဝတီ၊ နောက်ကြရှမ်းပြည်နယ်မှာ ဆောင်ရွက်ဖို့ ရှိပါတယ်ခင်ဗျာ။

မေး။   မင်္ဂလာပါဆရာရှင့်။ ဆရာရဲ့ နာမည်၊ ရာထူးတာဝန်နဲ့ ဌာနလေးကိုလည်း မိတ်ဆက်ပေးပါအုံးရှင့်။

ဖြေ။    ကျွန်တော့်နာမည်ကတော့ ဦးအောင်ဇော်ထိုက်ဖြစ်ပါတယ်ခဗျ။ ကျွန်တော်ကတော့ ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌဖြစ်ပါတယ်။ လက်ရှိကျွန်တော့် ဆန်စက်လုပ်ငန်းနာမည် ကတော့ အောင်ဆန်းမွေလာဆန်စက် ဖြစ်ပါတယ်။

မေး။   ဟုတ်ကဲ့ပါ။ ဒီနှစ် ဒါ ၂၀၂၅ ကရင်ပြည်နယ် ဖိုရမ်ကိုပေါ့နော် ဇွဲကပင်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာကို လည်း သိရပါတယ်ရှင့်။ ဒီဖိုရမ်ထဲမှာပေါ့နော် ဆရာအနေနဲ့ ဘာတွေပါဝင်ဆွေးနွေးခဲ့သလဲဆိုတာကို လည်း ပြောပြပေးပါအုံးရှင့်။

ဖြေ။    ကျွန်တော်ဆွေးနွေးခဲ့တဲ့အကြောင်းအရာကတော့ ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင် အဆင့်မြင့် ဆန်စက်များတိုးပြီး တည်ဆောက်နိုင်ရေးနဲ့ ဒီထွက်ရှိလာတဲ့စပါးကို ကြိတ်ခွဲနိုင်အောင် နည်းလမ်းတွေ ဆွေးနွေးခဲ့ပါတယ်။

မေး။   ဆရာရဲ့ ဒီဆန်စက်ကထွက်တဲ့ ဆန်တွေရဲ့ တင်ပို့ရောင်းချမှုကိုလည်း သိပါရစေရှင့်။

ဖြေ။    ကျွန်တော်တို့ အဓိကဆန်စက်ကထွက်တဲ့ ဆန်ကို အဓိကပြည်နယ်တွင်းကို ဦးစားပေးပြီး‌တော့ ဖြန့်ရတယ်။ တကယ့်တကယ်ပို့လျှံလာတဲ့ ဆန်ကိုမှ ဈေးကွက်ထဲကို ထည့်ရောင်းလိုက်ပါတယ်။ အခုဒီ ဇကွဲကိုတော့ အများဆုံး export ဈေးကွက်ထဲကို ရောင်းတာပိုများပါတယ်။

မေး။   ။ ဒီဖိုရမ်တွေကျင်းပခြင်း အပေါ်မှာ ဆရာရဲ့အမြင်ကိုလည်း ပြောပြပေးပါအုံးရှင့်။

ဖြေ။    ဒီဖိုရမ်ကျင်းပခြင်းကတော့ လုပ်ငန်းရှင်တွေအတွက် အများကြီး မျက်လုံးပွင့်၊ နားပွင့်တယ်ပေါ့ဗျာ။ ပြီးတော့ ဒီအလုပ်လုပ်ဖို့ကလည်း ခြေတစ်လှမ်းအားသာတယ်လို့ပဲမြင်ရပါတယ်ခင်ဗျာ။

မေး။   ဆရာတို့ရဲ့ ဒီအသေးစားစက်မှုလက်မှုလုပ်ငန်းဖြစ်တဲ့ (MSME)လုပ်ကိုင်တဲ့အခါမှာပေါ့နော် ဆရာ့အနေနဲ့ ဒီကျွန်မတို့ရဲ့ သက်ဆိုင်တဲ့ ဒေသအစိုးရ ပြီးလို့ရှိရင် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေမှာ ဆရာတို့အပေါ်မှာ ပံ့ပိုးကူညီပေးကမ်းမှုတွေရှိရင်လည်း ပြောပြပေးပါအုံးရှင့်။

ဖြေ။    ကျွန်တော်တို့ လက်ရှိ ဆန်စက်အသင်းကတော့ ကျွန်တော်တို့ ဆန်စက်(၁၅)လုံးကို နိုင်ငံတော် မြှင့်တင် ရန်ပုံငွေကနေ ဆန်စက်တစ်လုံးကို သိန်း(၂၀၀၀)နှုန်းနဲ့ ချေးပေးထားပါတယ်။ အဲ့တာကို ကျွန်တော်တို့က (1.5)B ပေါ့နော် ကျွန်တော်တို့ ဆန်စက်အသင်းကို ချပေးထားပါတယ်။. တစ်နှစ်ကို အရင်းပြန်ပြရပါတယ်။ အတိုးကတော့ (၆)လတစ်ကြိမ် ကျွန်တော်တို့ ဆက်ရပါတယ်။

မေး။   ဟုတ်ကဲ့ပါဆရာ။ ဒီလုပ်ငန်း စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့အခါမှာပေါ့နော် ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေရှိရင်လည်း ပြောပြပေးပါအုံးရှင့်။

ဖြေ။    ကျွန်တော်တို့ အဓိကကတော့ ကျွမ်းကျင်လုပ်သားတွေရှားပါးတဲ့ ပြဿနာရယ်၊ ပြီးတော့ လက်ရှိက လျှပ်စစ်မီးပြဿနာရယ် ဒီနှစ်ချက်ကတော့ လက်ရှိကြုံတွေ့နေရပါတယ်။

မေး။   မင်္ဂလာပါဆရာရှင့်။ ဒီကနေ့ ဇွဲကပင်ခန်းမမှာ ကရင်ပြည်နယ် ရင်းနှီးမြှုုပ်နှံမှု ဖိုရမ် ၂၀၂၅ ကျင်းပနေတယ် လို့လည်းသိရတယ်ပေါ့ရှင့်။ ပထမဦးဆုံးအနေနဲ့ ဆရာရဲ့နာမည် ရာထူးတာဝန်လေးနဲ့ ဌာနကိုလည်း မိတ်ဆက်ပေးပါအုံးရှင့်။

ဖြေ။    ကျွန်တော့်နာမည်ကတော့ ဦးစိန်တန်အောင် ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဘားအံစက်မှုဇုန်၊ ဇုန် အမှတ်(၄)မှာ တည်ရှိတဲ့ ရွှေငါးသုံးကောင်အဆင့်မြင့် စားအုံးဆီသန့်ရှင်ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်း လုပ်ငန်းရဲ့ မန်နေဂျင်း ဒါရိုက်တာ ဖြစ်ပါတယ်ခင်ဗျာ။

မေး။   ဟုတ်ကဲ့ပါဆရာ ။ ဒီကနေ့ကျင်းပတဲ့ ဖိုရမ်ထဲမှာပေါ့နော် ဆရာရဲ့ ထုတ်ကုန်အနေနဲ့ ဘာတွေများ ပါဝင် ပြသခဲ့ပါသလဲရှင့်။

ဖြေ။    ဟုတ်ကဲ့ခဗျ။ ဒီကနေ့ကျင်းပတဲ့ဖိုရမ်မှာ ကျွန်တော့်ရဲ့ စားအုံးဆီသန့်စင်ထုတ်လုပ်လုပ်ငန်းတွေ စတင်ထုတ်လုပ်တဲ့ ကျွန်တော်တို့စားအုံးဆီ အဆင့်မြင့်စားအုံးဆီကလေးတွေကို ငါးကျပ်သား၊ တစ်ဆယ်သား၊ ငါးဆယ်သား၊ ပလပ်စတစ်အိတ် အထုပ်လေးတွေ ထုတ်လုပ်ထားတာကို ပါဝင်ပြသခဲ့ ပါတယ်ခင်ဗျာ။

မေး။   ဟုတ်ကဲ့ပါ။ အခု ဒါ ၂၀၂၅ ဖိုရမ်က ကရင်ပြည်နယ် ရင်းနှီးမြှုုပ်နှံမှု ဖိုရမ်တွေကို ကျင်းပခြင်းအားဖြင့် ဆရာတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုအထောက်အကူပြုလဲဆိုတာကိုလည်း ပြောပြပေးပါအုံးရှင့်။

ဖြေ။    ဟုတ်ကဲ့ပါခဗျ။ အခုကျင်းပတဲ့ ကရင်ပြည်နယ် စီးပွားရေးဖိုရမ် ၂၀၂၅ က ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီဖိုရမ်တွေကျင်းပပေးတဲ့အတွက် ကျွန်တော်တို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရဌာန ဆိုင်ရာတွေကြားမှာ ညင်သာတဲ့ဆက်ဆံရေးလေးတွေ ပိုရှိလာတယ်။ ဒီစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကိုလည်း အသံတွေကိုလည်း ဒီပြည်နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းကနေ သိရှိပြီး‌တော့ ကျွန်တော်တို့ လိုအပ်ချက်တွေကို ပိုပြီးတော့ ဖြည့်ဆည်းပေးနိုင်တဲ့ ကျေးဇူးတွေရှိတယ်။ တက်ရောက် လာကြတဲ့ စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း ကျွန်တော်တို့ Network Collection တွေ ရကြပြီးတော့ စီးပွားရေးလုပ်ငန်း ချိတ်ဆက်မှုတွေ ပိုမိုအားကောင်းတဲ့ အကျိုးကျေးဇူးတွေလည်း ရပါတယ်။

မေး။   ဟုတ်ကဲ့ပါဆရာရှင်။ ဆရာရဲ့ ရွှေငါးသုံးကောင်အဆင့်မြင့် စားအုံးဆီသန့်ရှင်ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကို ဒီုကရင်ပြည်နယ်မှာ ဘယ်နှစ်ခုနှစ်မှာ စတင်တည်ခဲ့တာကိုလည်းပြောပြ ပေးပါအုံးရှင့်။

ဖြေ။  ရွှေငါးသုံးကောင်အဆင့်မြင့် စားအုံးဆီထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းက တော့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်နဲ့ စတင်တည်ဆောက်ခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်ခဗျ။ အခုဆိုရင် ကျွန်တော်တို့ရဲ့ ထုတ်ကုန် တွေကို စမ်းသပ်ထုတ်လုပ်နေပြီးတော့ ၂ ရက် ၁ လ ၂၀၂၆ ခုနှစ်မှာ ကျွန်တော်တို့ ဖွင့်ပွဲအခမ်းအနား ကျင်းပပြီးတော့ ဈေးကွက်ကို ဖြန့်ချိသွားဖို့ စီစဉ်ထားပါတယ်ခင်ဗျာ။

မေး။   လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေမှာလည်း စိန်ခေါ်မှုတွေရှိမှာပေါ့နော်။ ဆရာတို့ရဲ့ စိန်ခေါ်မှုတွေ ကိုလည်း ပြောပြပေးပါအုံးရှင့်။

ဖြေ။   လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေရဲ့ စိန်ခေါ်မှုတွေကတော့ ကရင်ပြည်နယ်မှာ ကျွန်တော်တို့ ဒီဖိုရမ်မှာလည် ဆွေးနွေးသွားတဲ့အချက်တွေရှိပါတယ်။ အဓိကတော့ ဘာလဲဆိုတော့လုပ်သား ရှားပါးမှုပြဿနာလေးတွေ ရှိပါတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ကျွန်တော်တို့ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး အခက်အခဲလေးတစ်ခုရှိပါတယ်။ ဒါကလည်း အခုဖိုရမ်မှာ ဆွေးနွေးချက်တွေအရတော့ လျှပ်စစ်ဓာတ်အား အချိန်အပြည့်အဝရရှိမယ် သိရတဲ့အတွက် အတိုင်းမသိ ဝမ်းသားမိပါတယ်။

မေး။   ဆရာအမည်နဲ့ ရာထူးတာဝန်လေး ပြောပြပေးပါအုံးရှင့်။

ဖြေ။   ကျွန်တော်ကတော့ ဦးမျိုးမင်းအောင်ကျော်ဖြစ်ပါတယ်၊ လက်ရှိကရင်ပြည်နယ်မှာ  ဟိုတယ်လုပ်ငန်းရှင်များ အသင်းကရင်ပြည်နယ်ရဲ့ ဒုတိယဥက္ကအဖြစ် တာဝန်ယူထားပါတယ်။

မေး။   ဟုတ်ကဲ့ပါဆရာ ကရင်ပြည်နယ်ရဲ့ ၂၀၂၅ ဖိုရမ်လေး  ကျင်းပနေတယ်လို့ သိရပါတယ်။    ဒီဖိုရမ်မှာ ဆရာအနေနဲ့ ဘာအကြောင်းအရာ‌တွေ ပါဝင်ဆွေးနွေးခဲ့သလဲရှင့်။

ဖြေ။  ဟုတ်ကဲ့ပါခင်ဗျာ အဓိကကြောင်းအရာကတော့ ကျွန်တော်တို့ ဒီမှာရှိတဲ့  MSME လုပ်ငန်းစုအနေနဲ့  Tourist ဝင်ကဏ္ဍ၊ ဟိုတယ်ကဏ္ဍအနေနဲ့ ဆက်စပ်မှုအပိုင်း လိုအပ်ချက်တွေအပိုင်း ဆွေးနွေးဖြစ်ပါတယ် ခင်ဗျာ။

မေး။   ဟုတ်ကဲ့ပါရှင့် ကရင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်း အောင်မြင်တယ်လို့ ကြားသိရပါတယ်ပေါ့နော်၊ အဲ့အတွက် ဒီကရင်ပြည်နယ်မှာ ဆရာတို့ရဲ့ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ ကရင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ဘာမျာပြောချင်ပါသလဲ့ရှင့်။

ဖြေ။   ဟုတ်ကဲ့ပါခင်ဗျာ၊ ကရင်ပြည်နယ်မှာ ဟိုတယ်လုပ်ငန်းနဲ့ပတ်သက်ရင် (၂)မျိုးရှိပါတယ်၊ လည်ပတ်တဲ့ Tourist Center ပေါ့နော် Basic Tourist ပိုင်းလည်းရှိပါတယ်၊ နယ်စပ်ကုန်သွယ်ရေးနဲ့အတူ စီးပွားရေး‌လုပ်ငန်းအရလာတဲ့ စီးပွားရေးအလည်အပတ် လုပ်ငန်းစဉ်တစ်ခုရှိပါတယ်။ နောက်ပြီးတော့ပုံမှန်ဘုရားဖူးနဲ့ ဒေသကိုလည်တဲ့လုပ်ငန်းစဉ်ဆိုပြီး (၂)မျိုးရှိပါတယ်ခင်ဗျာ၊ လည်ပတ်တဲ့ပုံစံပေါ့နော် အဲ့နှစ်ခုအကြောင်းကို ဦးတည်ပြီးပြောတဲ့အခါမှာ ကျွန်တော်တို့ဟိုတယ်လိုအပ်ချက်၊ အခန်းလိုအပ်ချက်လေးတွေရှိ နေပါတယ်ခင်ဗျာ၊ အထူးသဖြင့် ဒီနှစ်ရဲ့ ကျွန်တော်တို့သုံးသပ်ချက်အရ အခန်းတွေအားလုံးနီးပါး ဧည့်သည်တွေပြည့်ခဲ့တဲ့အတွက် အခန်းလိုအပ်ချက်တွေရှိလာပါတယ်၊ အဲ့အတွက်လည်း ကျွန်တော်တို့နောက် (၃)နှစ်  စီမံကိန်းအခန်းအရေအတွက် နောက်ထပ်အခန်း (၃၀၀၀)လောက် ထပ်တိုးဖို့အတွက် ရည်ရွယ်ချက်ရှိပါတယ်၊ အဲ့အတွက် ကြိုးစားနေပါတယ် ခင်ဗျာ။

မေး။   ကရင်ပြည်နယ်မှာ ဒီဖိုရမ်  ကျင်းပတဲ့အပေါ် ဆရာအမြင်လေးပြောပြပေးပါအုံးရှင့်။

ဖြေ။   ဟုတ်ကဲ့ပါခင်ဗျာ၊ ကျွန်တော်ကတော့ဒီဖိုရမ်တစ်ခုရဲ့ အတိမ်အနက်ကိုအများပိုသိအောင် ပိုပြီးသိစေ ချင်ပါတယ်ခင်ဗျာ၊ဒါကကျွန်တော်တို့ Information ပိုင်းသွားပါတယ်ခင်ဗျာ၊ အဓိကဖိုရမ်ရဲ့ နောက်ဆက်တွဲမှာ အစိုးရအဖွဲ့အစည်းတွေရဲ့၊ သက်ဆိုင်ရာဌာနအလိုက်တွေနဲ့ ကျွန်တော်တို့ပိုပြီးတော့ ချိတ်ဆက်မှု ပိုအားကောင်းမယ်လို့ ယူဆပါတယ်ခင်ဗျာ၊ နောက်ကျွန်တော်တို့ရင်းနှီး မြုပ်နှံလိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ လည်းပိုပြီးတော့ စိတ်ဝင်စားမှုတွေရရှိမယ်၊ ဌာနဆိုင်ရာပိုင်းကလည်း ပံ့ပိုးမှုတွေပိုပြီး အားကောင်းလာလိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျာ၊ ပိုပြီးတိုးတက်ဖို့အတွက်   ခြေလှမ်းတွဖြစ်ပါတယ်ခင်ဗျာ။

မေး။   မင်္ဂလာပါရှင့်၊ ဆရာအမည်နဲ့ ရာထူးတာဝန်လုပ်ငန်းလေး ပြောပြပေးပါအုံးရှင့်။

ဖြေ။    ဟုတ်ကဲ့ပါခင်ဗျာ၊ ကျွန်တော်အမည်ဖြိုးကိုနိုင်ပါခင်ဗျာ၊ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းရဲ့အထွေထွေအတွင်းရေးမှုးပါ ခင်ဗျာ။

မေး။   ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ကရင်ပြည်နယ်ရင်းနှီးမြုပ်နှံမှု ၂၀၂၅ မှာဖိုရမ်ကျင်းပနေတယ်လို့ သိရပါတယ်ရှင့်၊ အဲ့ဒီမှာ ဆရာအနေနဲ့ဘာတွေများ ပါဝင်ဆွေးနွေးခဲ့ပါသလဲရှင့်။

ဖြေ။  ဟုတ်ကဲ့ပါခင်ဗျာ အဓိကအနေနဲ့ ကျွန်တောက်က မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ကိုယ်စားပြုပြီးဆွေးနွေးတာပါ၊ ကရင်ပြည်နယ်နဲ့ဆက်စပ်ပြီးမှ  ပြောင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်  ဘယ်လိုလုပ်ရမလဲ၊ ဒီလုပ်ငန်းလေးတွေ အဓိကဆွေးနွေးခဲ့ပါတယ် ခင်ဗျာ။

မေး။   ဟုတ်ကဲ့ပါရှင့်၊  ဆရာအနေနဲ ဒီကရင်ပြည်နယ်မှာပေါ့နော်  ရင်းနှီးမြုပ်နှံမှု ဘာတွေများ လုပ်ထားပါသလဲရှင့်။

ဖြေ။   ကရင်ပြည်နယ်မှာကျတော့ ကျွန်တော်တို့ ၂၀၂၂-၂၀၂၃ ခုနှစ် မြဝတီမှာ ပြောင်းသန့်စင်တဲ့အခြောက် သန့်စင်အမှုန့်ကြိတ်စက်ရုံ တည်ထားခဲ့ပါတယ်၊ ဒါပေမဲ့လက်ရှိကတော့  ၂၀၂၄ ခုနှစ် ဧပြီလကစပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားပါတယ်၊ ဒါပေမဲ့ ခုနောက်ပိုင်း စက်ရုံပြန်လည်ဖို့ရှိပါတယ်။

မေး။   ဟုတ်ကဲ့ပါရှင့်၊ ဆရာအနေနဲ့ဆန်နဲ့ပြောင်း အခြောက်ခံစက်ရုံမှာ ကုန်ကြမ်းတွေကို ဘယ်ကရပြီးတော့   Export တွေကိုဘယ်ပို့ပါသလဲရှင့်။

ဖြေ။   ဟုတ်ကဲ့ပါခင်ဗျာ၊ ပြောင်းကတော့တစ်နိုင်ငံလုံးကဝယ်ပါတယ်၊ မြဝတီကလည်း ကျွန်တော်တို့ဝယ် ပါတယ်ခင်ဗျာ၊ အများဆုံးကတော့ ရှမ်းတောင်၊  ရှမ်းမြောက်ပေါ့နော်၊  ပြီးဧရာဝတီတိုင်း၊  မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဒီကနေအကုန်ဝယ်ပါတယ်၊ အဓိက Export လုပ်တာကတော့ ထိုင်းနိုင်၊ တရုတ်နိုင်ငံ၊ ဗီယမ်နမ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဖီလစ်ပိုင် ဒါတွေအကုန်လုံး Export လုပ်ပါတယ်ခင်ဗျာ။

မေး။   ဟုတ်ကဲ့ပါရှင့်၊ ဒီနေ့ဖိုရမ် ကျင်းပခြင်းအပေါ်မှာ ဆရာရဲ့အမြင်လေး သိပါရစေရှင့်။

ဖြေ။   ကောင်းပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ရဲ့ကရင်ပြည်နယ်က ရေခံ၊ မြေခံကောင်းတယ်၊ ပထဝီအနေအထားကလည်း ဒီအကြီးဆုံးနယ်စပ်ကုန်သွယ်ရေးမြို့မှာ၊ ဒုတိယအကြီးဆုံးမြို့ကတော့ မြဝတီလို့ပြောလို့ရပါတယ်၊ မြဝတီကတော့  ကရင်ပြည်နယ်ထဲမှာပါတဲ့ မြို့ဖြစ်တယ်၊ ကျွန်တော်တို့ ပြောင်း Export  တွေဆိုရင်  ၂၀၂၁-၂၀၂၂-၂၀၂၃ ခုနှစ်တုန်းကဆိုရင် တစ်နိုင်ငံလုံး Export ရဲ့ ၇၀ ရာခိုင်နှုန်း  နီးပါးသည်  မြဝတီက ကျွန်တော်တို့ထွက်ခဲ့ရတာ၊ အဲ့မြို့က အလွန်အချက်အချာကျတဲ့  ကုန်သွယ်ရေးမြို့ပေါ့နော်၊  ဒီကုန်သွယ်ရေးလမ်းကြောင်း မကြာခင် ကောင်းမွန်လာမယ်ဆိုရင် ပိုပြီးဖွံ့ဖြိုးလာမှာပါ၊ ကျွန်တော်တို့နဲ့အံကိုက် ဒီဖိုရမ်လုပ်တာလည်း အင်မတန်ကောင်းပါတယ်၊ ကျွန်တော်တို့ ရင်းနှီးမြုပ်နှံသူတွေကလည်း  လက်ရှိပြည်နယ်ရဲ့ အနေအထားလေးကြည့်ပြီး စိတ်ဝင်စားပါတယ်ခင်ဗျာ။