မိုင်းပန်မြို့နယ် စဝ်ကောလီခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် စက်ကိုင်များ(မွမ်းမံ)သင်တန်း ပို့ချ

မိုင်းပန် ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် စက်ကိုင်များ(မွမ်းမံ)သင်တန်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်စဝ်ကောလီခန်းမ၌ ယနေ့နံနက် (၉)နာရီခွဲက ကျင်းပသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမြမြအေးက ရွေးကောက်ပွဲအတွက် မဲပေးခြင်းဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် စက်ကိုင်များ(မွမ်းမံ)သင်တန်းအား ယနေ့နှင့် ဒီဇင်ဘာလ (၂၁)ရက်နေ့ထိ (၂)ရက် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)