ကလောမြို့မောမြေဦးပန်းခြံ၌ပထမအကြိမ်ပန်းပွဲတော်ကို ၁၅ ရက်တိုင်တိုင်ကျင်းပမည်

ကလော       ဒီဇင်ဘာ     ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မောမြေဦးပန်းခြံ၌ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ပထမအကြိမ် ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း မောမြေဦး ပန်းခြံမှ တာဝန်ရှိသူထံမှသိရသည်။

ကလောမြို့မောမြေဦးပန်းခြံ ပန်းပွဲတော်တွင် နိုင်ငံခြားဖြစ်ပန်းမျိုးစိတ်များအပါအဝင်ဒေသ ထွက်ပန်းမျိုးစိတ်များပါဝင်ပြီး သစ်ခွဥယျာဉ်နှင့် ပန်းအမျိုးအစား အများအပြားတို့ဖြင့် ပြသသွားမည် ဖြစ်ကြောင်း၊ စာကြည့်တိုက်တွင် စာအုပ်စာစောင်များအနား ယူဖတ်ရှုလေ့လာ လို့ရပြီး အလှဓာတ်ပုံများရိုက်ကူးရန် နေရာများစွာပါဝင်ကြောင်း၊ အားကစားလေ့ကျင့်ခန်း ပြုလုပ်ရန်အား ကစားကွင်းနှင့်ကလေးကစားကွင်းများ၊ ဒေသထွက်အစားအစာများပါဝင်လို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ပန်းချစ်သူများအား ကလောမြို့ပန်းပွဲတော်သို့ ဝင်ကြေးအခမဲ့ဖြင့် လာရောက်လည်ပတ်အပန်းဖြေ‌ လေ့လာနိုင်ကြောင်းကလောမြို့ မောမြေဦး ပန်းခြံ တာဝန်ရှိသူထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)