လင်းခေး ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ လှုပ်ရှားမှုသို့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီက (လင်းခေး-မို့းနဲ-နမ့်စန်)သွားလမ်း၊ မြို့မလမ်းဆုံနေရာမှ စုရပ်ပြု၍ စတင်ကျင်းပခဲ့ပါသည်။
ဆက်လက်၍ (နမ့်စန်-မိုးနဲ-လင်းခေး)မြို့အဝင် လမ်းမကြီးပေါ်ရှိ ဝန်ထမ်းအိမ်ရာနေရာအထိ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီးနောက် မြို့နယ် ပြည်ငြိမ်းအေး အားကစားကွင်းအတွင်း ပြန်လည်ဝင်ရောက် စုစည်းခဲ့ကြသည်။
ဆက်လက်ပြီး ဝန်ကြီးက အားကစားပစ္စည်းများပေးအပ်ရာ တပ်နယ်(လင်းခေး)မှ တာဝန်ရှိသူက လက်ခံရယူခဲ့ပါသည်။
ယင်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တက်ရောက်လာသူများအားလုံးက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ (၁) (၂) တို့ကို လှုပ်ရှားဆောင်ရွက်ခဲ့ကြကာ ဒီဇင်ဘာအားကစားလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲအား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ တပ်နယ် (လင်းခေး)မှ တပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံအားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်