လှိုင်းဘွဲ ဒီဇင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၅) နာရီက လှိုင်းဘွဲမြို့ (က) ရပ်ကွက် ကရင်နှစ်သစ်ကူးကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကရင်လူငယ်များက ကရင်အမျိုးသားအလံတော်အား သယ်ဆောင်လာကာ ကရင်အမျိုးသား သီချင်းဖြင့် သီဆို၍ အလံအား တိုင်ထိပ်သို့ လွင့်ထူကာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးထံမှ ပေးပို့သော ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ထို့နောက် ကရင်လူငယ်မောင်မယ်များက ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို စကောကရင်၊ ပိုးကရင်နှင့် မြန်မာဘာသာတို့ဖြင့် အသီးသီးဖတ်ကြားခဲ့ပြီး ကရင်လူငယ်မောင်မယ်များက ကရင်ရိုးရာဒုံးအကဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)