အိမ်မဲ ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လက်ပံကုန်းကျေးရွာတွင် (၅၅) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲအထိမ်းအမှတ် ကရင်ရိုးရာပြိုင်ပွဲများကို ယမန်နေ့ည ၇ နာရီက စတင်ကကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲများမှာကရင်ရိုးရာတေးသီချင်း၊ ဒုံးအကပြိုင်ပွဲ၊ လှယဥ်ကျေးမယ်ပြိုင်ပွဲ၊ ဝတ်စားဆင်ယင်မှုပြိုင်ပွဲ၊ ရိုးရာမင်္ဂလာဆောင်ပွဲ၊ တောင်ပေါ်ကရင်ဝတ်စား ဆင်ယင်မှုပြိုင်ပွဲများ ဖြစ်ကြပြီး ဆုရရှိသူများကို ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် (၅၅) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ကရင်ရိုးရာပြိုင်ပွဲများကို ကြည့်ရှုကြသူများ၊ ပွဲစျေးလျှောက်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)