ထားဝယ် ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/ မြို့နယ် (၁၀) မြို့နယ်အတွင်းရှိ အများပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့်အတွက် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ရေးအတွက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် လူစည်ကားရာနေရာများ၌ မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှပေးကြသည်။
ထို့နောက်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးဇော်လင်းထွန်း ဦးဆောင်၍ ခရိုင်/ မြို့နယ်မီးသတ်ဦးစီးမှူးများ၊ နယ်မြေတာဝန်ခံများနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတို့က ဈေးများ၊ လမ်းဆုံလမ်းခွများ ရပ်ကွက်များ၌ သွားလာနေသော ပြည်သူများနှင့် ခရီးသွားပြည်သူများ၊ ဈေးသူ/သားများ၊ ယာဉ်များတွင် မီးဘေးလုံခြုံရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီ ဆက်သွယ်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနသို့ အရေးပေါ်အကူအညီတောင်းခံနိုင်သည့် Hot Line ဖုန်းနံပါတ်(191)၊ စတေကာများ ကပ်နှိပ်ပေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်သူများ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်စေရေးအတွက် မီးသတ်ဦးစီးဌာနမှ ပထမအကြိမ်အဖြစ် လက်ကမ်းစာစောင်နှင့် (191) စတေကာ (၁၀၈၆၄၈) စောင် ဖြန့်ဝေပေးခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ်နှင့် ဧပြီလတွင် တတိယအကြိမ်များအဖြစ် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)