ကော့သောင်း ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာပညာပေးသင်တန်းပေးခြင်းကို ယနေ့နံနက်ပိုင်း၌ ကော့သောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။
အဆိုပါ သင်တန်းတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိက ကော့သောင်းမြို့နယ်အတွင်း မဲရုံများအလိုက် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများအား မဲရုံမဖွင့်မီကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ ရွေးကောက်ပွဲရက် မတိုင်မီတစ်ရက်အလို စမ်းသပ်မဲပေးခြင်းဆောင်ရွက်ရမည့်အချက်များ၊ ရွေးကောက်ပွဲ ကျင်းပမည့်နေ့၌ မဲရုံဖွင့်လှစ်ထားစဉ် ဆောင်ရွက်ချက်များ၊မဲရုံအဖွဲ့ဝင်တာဝန်ရှိသူများ၏ ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ပညာပေးသင်တန်းပို့ချခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)