ကလိန်အောင် ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ပြည်သူများ မီးဘေးအန္တရာယ်နှင့်အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် (191) Sticker များ ဖြန့်ဝေပေးခြင်းကိုယနေ့ နံနက်(၇)နာရီခွဲအချိန်က ဈေးလမ်းဆုံ၊ ကလိန်အောင်နယ်မြေမီးသတ်စခန်းရှေ့နှင့် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို ကလိန်အောင်နယ်မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး ဦးမျိုးဆွေဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများမီးဘေး အန္တရာယ်ကင်းရှင်းရေးနှင့် အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန်သဘာဝ ဘေးအန္တရာယ်တစ်ခုခုဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ဆက်သွယ်နိုင်ရန်အရေးပေါ် ဖုန်းနံပါတ်၊ 191 ပါရှိသည့် Sticker များနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကလိန်အောင်(ပြန်/ဆက်)