ဥတ္တရသီရိမြို့နယ်၌ အဓိကသီးနှံ(၁၀)မျိုးပန်းတိုင် အထွက်နှုန်း မရရှိခြင်းအား စစ်တမ်းမေးခွန်းများ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

ဥတ္တရသီရိ ဒီဇင်ဘာ ၁၇

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ အဓိကသီးနှံ(၁၀)မျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမရရှိခြင်းအား‌ တောင်သူများနှင့် တွေ့ဆုံစစ်တမ်းမေးခွန်းများ ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများ၊ မြို့နယ်‌‌ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သမ‌ဝါယမဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တောင်သူများအားတွေ့ဆုံ၍  ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁ဝ) မျိုးနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများဖြစ်သည့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြည့်ပြည့်စုံစုံရရှိခြင်း ရှိ/မရှိ၊ မြေပြုပြင်မှုအားနည်းခြင်း ရှိ/မရှိ၊ လိုအပ်သည့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများကို ပြည့်ပြည့်ဝဝ ထည့်သွင်းနိုင်ခြင်း ရှိ/မရှိ၊ မိုးကောင်းရေသောက် မိုးရေလုံလောက်စွာရရှိခြင်း ရှိ/မရှိ၊ အောင်ရေလုံလောက်စွာရရှိခြင်း ရှိ/မရှိ၊ ကောက်စိုက်သမငှားရမ်းခ အခက်အခဲ ရှိ/မရှိ၊ ကောက်ကွက် ပြည့်အောင် စိုက်ပျိုးနိုင်ခြင်း ရှိ/မရှိနှင့် ပင်ကြားတန်းကြား အပြည့်စိုက်ပျိုးနိုင်ခြင်း ရှိ/မရှိ စသည့်အကြောင်းအရာများကို စစ်တမ်း‌မေးခွန်းများ ကောက်ယူခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)