ကရသူရိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကရသူရိ ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပူပြင်းသောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာလ ၁၇ ရက်၊ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးတာဝန်ခံ ဦးကောင်ထက်ဆွေနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်၊ နေအိမ်နှင့်စျေးဆိုင်များ၊ လူစည်ကားရာနေရာများ၊ ခရီးသွားလာပြည်သူများ၊ ရပ်ကွက်နေပြည်သူများနှင့် ပြည်ထောင်စုလမ်းမကြီးတို့၌ မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေးလုံခြုံရေး ပညာပေး လက်ကမ်းစာစောင် (၂၅၀၀) စောင်အား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါဆောင်ရွက်ခြင်းသည် အပူချိန်မြင့်မားလာသည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုကြောင့်ဆုံးရှုံးနစ်နာမှုမရှိစေရေးနှင့် မီးလောင်မှုဖြစ်ပေါ်လာပါက ရှောင်ရန်/ဆောင်ရန်တို့အား ပြည်သူများသို့ အသိပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)