ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

ဥတ္တရသီရိ ဒီဇင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၌  သတင်းရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံးပြည်သူ့စာကြည့်တိုက်၌  ဖွင့်လှစ်သင်ကြားခဲ့သည်။

အဆိုပါသင်တန်းတွင် နေပြည်တော်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး သင်တန်း၌သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဦးအောင်ကိုကိုတို့က သတင်းရေးသားရာတွင် သတိပြုရမည့် မြန်မာအက္ခရာအသုံးအနှုန်းများ၊ ဖြစ်နေဆဲသတင်း၊ စတင်ဖော်ထုတ်သတင်းနှင့် ကြိုတင်သတင်း၊ သတင်းပြန်ကြားရေးလုပ်ငန်းအတွက် လူထုဆက်သွယ်ရေးနည်းလမ်းများ၊ သတင်းလျှောစောက် (News Gradients) ခုနှစ်မျိုး၊ ပိရမစ်ပြောင်းပြန်သတင်းရေးနည်း၊  သတင်းရေးသားသူတို့ သတိထားရမည့်အချက်များ၊ သတင်းဆောင်းပါးရေးသားရာတွင် လိုက်နာရမည့်အသုံးအနှုန်းများ၊ ကိန်းဂဏန်းများ၊ မှားယွင်းတတ်သည့်သတ်ပုံများနှင့် သတင်မီဒီယာသမားများ၏ ကျင့်ဝတ်စသည်တို့ကို အသေးစိတ်ရှင်းလင်းသင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းကို    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်နှင့် မြို့နယ်အတွင်းရှိ ဝန်ထမ်း (၁၀)ဦးအား ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဥတ္တရခရိုင်(ပြန်/ဆက်)