ချမ်းအေးသာစံ ဒီဇင်ဘာ ၁၆
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း(၁၂၁) ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့၊ သမဝါယမ ဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သမဝါမယစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်ကျောင်း (မန္တလေး)ရှိ ပထမနှစ် သင်တန်းသား၊ သင်တန်းသူများက တက်ရောက်လေ့လာခဲ့ကြသည်။
ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမာဋ္ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမအသင်းဥက္ကဋ္ဌက လုပ်ငန်းတွင် လုပ်ဆောင်ရမည့် အချက်အလက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်ကျောင်း(မန္တလေး)မှ ဆရာမများနှင့် ပထမနှစ် သင်တန်းသား၊ သင်တန်းသူများက အခြေခံအသင်းများ၏ စာရင်းဇယားများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)