မြစ်သား ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စာရေးဆရာညီညီဈာန်ရေးသားသော “ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ(၁)နာရီအချိန်က မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကိုသိရှိစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း တစ်ဦးနှင့် တစ်ဦးအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့်စာအုပ်သည် ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့် မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် (တရားလွတ် တော်ရှေ့နေ)ဒေါ်ထွန်းထွန်းမော်က “ကျေနပ်မှုမှပျော်ရွှင်မှုသို့” ခေါင်းစဉ်မှအကောင်းဘက်ကိုအာရုံစိုက်တတ်ဖို့၊ ကိုယ်ရဲ့စိတ် ဖိစီးမှုတွေကို သက်သာအောင်လုပ်ဖို့ ကိုယ့်အတွက်အချိန်ယူ ဖို့တုံ့ဆိုင်းမနေပါနဲ့၊ ကိုယ်လုပ်ရပ်တိုင်း အတွက်တာဝန်ယူ တတ်ဖို့၊ နားလည်မှုပို့ပေးတတ်ဖို့ပါ၊ ကိုယ်ဘဝကိုအကောင်း ဆုံးနေထိုင်ဖို့ပါပဲ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော စာပေဝါသနာရှင်များနှင့်စာဖတ်ပရိသတ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စာဖတ်ဝိုင်းအပြီးတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ် နိုးသူများအဖွဲ့မှ ဒေါ်ထွန်းထွန်းမော်က သုတစာအုပ်များကို လှူဒါန်းပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲကို စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)