မိုင်းတုံ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း မဲရုံမှူး၊ ဒုတိယမဲရုံမှူးများမှ မဲရုံအဖွဲ့ဝင်ဖြစ်သည့် မင်တို့သူ၊ မဲစာရင်းစစ်သူနှင့် မဲရုံလုံခြုံရေးသင်တန်းဖွင့်လှစ်ခြင်းကို ၂၀၂၅ ခုနှစ်၊ ယနေ့နံနက် ၉ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်မည့်အခြေအနေအရ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းနွမ်းဖောင် ဦးဆောင်၍ မဲရုံမှူး၊ ဒုမဲရုံမှူးများမှ မဲရုံအဖွဲ့ဝင်ဖြစ်သည့် မင်တို့သူ၊ မဲစာရင်းစစ်ဆေးသူနှင့် မဲရုံလုံခြုံရေးတို့၏ သိရှိလိုက်နာရမည့် တာဝန်နှင့် လုပ်ငန်းတာဝန်များ၊ မဲရုံအတွင်းအသုံးပြုရမည့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါ ပုံစံများ ကျွမ်းကျင်နားလည်သိရှိသွားစေရန်နှင့် ရွေးကောက်ပွဲအား အောင်မြင်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်သည်။ ယင်းသင်တန်းကို မဲရုံမှူး၊ ဒုတိယမဲရုံမှူးများမှ သင်တန်းသား၊ သင်တန်းသူ(၃၂၀)ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းနွမ်းဖောင်ထံမှ သိရသည်။
ဝင်းဝင်းခိုင်(မြို့နယ်၊ ပြန်/ဆက်)