မြိတ်မြို့တွင်  သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြိတ်  ဒီဇင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ (မြို့နယ်အဆင့်) အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြိတ်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ် ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများကို ဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများအား  အကျယ်တဝင့် အသိပညာပေး ဆွေးနွေးဟောပြောသည်။

ထို့နောက်  တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းခဲ့ကြရာ တာဝန်ရှိသူကပြန်လည်ရှင်းလင်းဖြေကြားပြီး မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဝေငှပေး၍ ကျောင်းစာကြည့်တိုက်အတွက် သစ်တောဦးစီးဌာန ဦးစီးအရာရှိက သစ်တောကြေးမုံဂျာနယ်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)