မြင်းခြံ ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက မြင်းခြံမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံပေးရာတွင် မြင်းခြံမြို့ ရပ်ကွက် (၃၊ ၄၊ ၇၊ ၈၊ ၉၊ ၁၇၊ ၁၈၊ ၂၀) တို့ရှိ ကျောင်းပြင်ပ အသက်ကိုးနှစ်ပြည့်ပြီး ၁၂ နှစ် မကျော်သော သီလရှင်ဆရာလေးများနှင့် မိန်းကလေး (၁၆၀)တို့အား မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
မြင်းခြံမြို့အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံရန်ကျန်ရှိနေသေးသည့် ရပ်ကွက်များကိုလည်း နေ့စဉ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)