ရမည်းသင်း ဒီဇင်ဘာ ၁၄
ရမည်းသင်းခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့် အနီးကပ်ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဦးထွန်းထွန်းဇော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်တွင် KTV များ မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများများနှင့် ပူးပေါင်း၍ လုပ်ငန်းရှင်များအား မီးဘေးကြိုတင်ကာကွယ်ရေးတွင် အသုံးပြုသည့်ပစ္စည်းများ အဆင်သင့်ထားရှိရန်၊ ဆိုင်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် ကာကွယ်ရေးသုံးပစ္စည်းများ၊ အသုံးပြုတက်မှုများကို စစ်ဆေးခြင်း၊ ဇာတ်တိုက်သရုပ်ပြသခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခြင်းနှင့် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)