ထားဝယ် ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း မူလွန်-ဆန်းချီ(တိုင်းရင်းသားအခြေစိုက်စခန်း)၏ ကျောင်းပြင်ပ ပညာရေးအောင်မြင်မှု အထိမ်းအမှတ်ပွဲတော်နှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကျောင်းပြင်ပပညာရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်နှင့် တိုင်းဒေသကြီးက ဆောင်ရွက်ပေးနေမှုများရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေးကို တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းပညာရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အခြေခံစာတတ်မြောက်ရေးအစီအစဉ်၊ စဉ်ဆက်မပြတ် ပညာရေးအစီအစဉ်ဖြစ်သော စာဖတ်ရှိန်မြှင့်တင်ရေး၊ ဝင်ငွေတိုးပွားရေး၊ဘဝသာယာရေး အစီအစဉ်၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသော ကျောင်းပြင်ပရောက် ကလေးများနှင့် ကျောင်းနေအရွယ်လွန်များအတွက် တန်းညှိပညာရေးအစီအစဉ်များဖြစ်သော ကျောင်းပြင်ပမူလတန်းပညာရေး(Non Formal Primary Education-NFPE)၊ ကျောင်းပြင်ပ အလယ်တန်းပညာရေး(Non Formal Middle Education-NFME) ဒုတိယအကြိမ်ကြိုးစားခွင့် ဖန်တီးပေးထားသည့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း၊ ကျောင်းပြင်ပပညာရေး စနစ်သည် ဒုတိယတန်းစားမဟုတ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာမသင့်ခဲ့ရသူများ၊အရွယ်လွန်သူများ၊ အသက်အရွယ်ဖြင့် အတန်းနှင့်မညီမျှသောကလေးများအတွက်ကို ဒုတိယအကြိမ်ကြိုးစားခွင့် ရရှိအောင်ဆောင်ရွက်ပေးသောအခွင့် အလမ်းဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင် နှစ်၊ ကျောင်းပြင်ပမူလတန်း ကလေးငယ် Level-1 တွင်(၁၄၇)ဦး၊ Level-2 တွင်(၅၃)ဦး၊ စုစုပေါင်း(၂၀၀)ဦး တို့ကို သင်ကြားသင် ယူခွင့်များဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ကျောင်းပြင်ပ မူလတန်းပြီးမြောက်သူများ အနေဖြင့်ကျောင်းပြင်ပ အလယ်တန်းပညာရေးသို့ ဆက်လက်တက်ရောက်နိုင်ကြောင်း၊ ကျောင်းပြင်ပ အလယ်တန်းပညာရေး ပြီးမြောက်အောင်မြင်ပါက အခြေခံပညာအထက်တန်း Grade - (10) သို့ ကူးပြောင်း သင်ယူနိုင်ရန်အတွက် လည်းမူဝါဒများချမှတ်ထားပြီးဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် မိမိဒေသဖွံ့ဖြိုး တိုးတက်အောင်၊ ကြီးပွားတိုးတက်အောင်ဆောင်ရွက်သူများ ဖြစ်သောကြောင့် အလေးထားဆောင်ရွက်ပေး ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အကြောင်းမျိုးမျိုးကြောင့် ကျောင်း ပြင်ပရောက်ရှိနေသောကလေးများ၊ မိသားစုရွှေ့ပြောင်းမှုကြောင့် ပညာသင်ယူမှု အခွင့်အလမ်းနည်းပါးနေသောကလေးများ ပညာဆက်လက် သင်ယူခွင့်ရရှိစေရန် ဒုတိယတန်းစားပညာရေးမဟုတ်ဘဲ ဒုတိယအကြိမ် အခွင့်အရေးပေးသော Second Chance Education ဖော်ဆောင်ပေးခြင်းဖြင့် ၎င်းတို့၏ ဘဝရပ်တည်မှု မြင့်မားရေးအတွက် ကျောင်းပြင်ပညာရေး အစီအစဉ်များ ပိုမိုတိုးတက်လာစေရန်အတွက် အားလုံးပူးပေါင်းဆောက်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက်အလှူရှင် ဗိုလ်ချုပ်ဇော်နိုင်ဦး(ငြိမ်း) က ကျောင်းပြင်ပ ပညာရေးအတွက် အလှူငွေ ကျပ်သိန်းတစ်ထောင်အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်ကကျောင်းပြင်ပပညာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီးကျေးဇူးတင်စကားပြောကြားကာ ကျောင်းသား၊ ကျောင်းသူများက ချစ်ခြင်းများစွာပေးကြပါ သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပြီး ကျောင်းပြင်ပ မူလတန်းနှင့်အလယ်တန်းကျောင်းသား၊ ကျောင်းသူများ၏ အနုပညာစွမ်းရည်များဖြင့် သီဆိုကပြ ဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဖျော်ဖြေရေးအဖွဲ့များအား ဆုချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းပြင်ပ ပညာရေးကြီးကြပ်သူဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)