ပြင်ဦးလွင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ရက်က ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူထုလမ်းလျှောက်ပွဲကို ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်ခရိုင်အားကစားမှူး ဦးသန်းဇော် တို့မှ ဦးဆောင်၍ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြင်ဦးလွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့၀င်များ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့ပေါ်ရပ်ကွက်များမှပြည်သူများပါဝင်သော အင်အား ၁၂၅၀  ဦးတို့သည် နံနက် ၅နာရီခွဲတွင် ရပ်ကွက်ကြီး ၆၊ ရုံးပေါင်းစုံလမ်းနှင့် မြို့ပတ်လမ်းဆုံတွင် စုရပ်ပြုလုပ်ပြီး  စတင်ထွက်ခွာခဲ့ရာ မြို့ပတ်လမ်း၊ မန္တလေး- လားရှိုးလမ်း၊ ရွှေစည်းခုံလမ်းမှ  ခရိုင်အားကစားဘောလုံးကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ပြီး ခရိုင်အားကစား ဘောလုံးကွင်းတွင် ကိုယ်လက်လှုပ်ရှားအားကစားအဖြစ်  စုပေါင်းကိုယ်ကာယလေ့ကျင့်ခန်းများပြုလုပ်ပြီး စုပေါင်းလူထုလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများအား အကြော်၊ ကောက်ညှင်းပေါင်း၊ ရေသန့်တို့ဖြင့် ကျွေးမွေးဧည့်ခံ့ခဲ့ကြကြောင်း သိရသည်။

ခရိုင်( ပြန်/ဆက်)