ကျိုင်းတုံ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် Drone မောင်းနှင်နည်း (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ဆင်းပွဲကို ယနေ့နံနက် (၉) နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး နေမျိုးထွဋ်က အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။ သင်တန်းသို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ ရဲတပ်ဖွဲ့ဝင် အရာရှိနှင့် အခြားအဆင့် စုစုပေါင်း ၃၀ ဦး တက်ရောက်ပြီး ဒီဇင်ဘာလ (၁) ရက်မှ (၁၂) ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)