မူဆယ်မြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာ-တရုတ် (မူဆယ်-ရွှေလီ) နယ်စပ်ဒေသချစ်ကြည်ရေး တင်းနစ်ဖိတ်ခေါပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မူဆယ် ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ မြန်မာ-တရုတ် (မူဆယ်-ရွှေလီ) နယ်စပ်ဒေသချစ်ကြည်ရေး တင်းနစ်ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မူဆယ်မြို့ မိုးလုံလေလုံအားကစားရုံရှိ အဆင့်မြင့်တင်းနစ်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အားကစားသမားများ၏ အလေးပြုမှုကို ခံယူပြီး၊ အဖွင့်အမှာစကား ပြေားကြားခဲ့သည်။ ဆက်လက်၍ တရုတ်နိုင်ငံ ရွှေလီတင်းနစ်အဖွဲ့မှ လူကြီးမင်းနှင့် မြန်မာနိုင်ငံမူဆယ်တင်းနစ်အဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်တို့က နှုတ်ဆက်စကားများ ပြောကြားခဲ့ပြီး၊ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းများ လဲလှယ်ခဲ့ကြသည်။

ယင်းနောက် ကရာတေးအဖွဲ့၊ အေရိုးဗစ်အဖွဲ့၊ ရိုးရာခြင်းလုံးအဖွဲ့နှင့် တင်းနစ်အဖွဲ့များမှ သရုပ်ဖော်ကြပြခဲ့ပြီး မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တရုတ်နိုင်ငံဘက်မှ လာရောက်သည့် ဧည့်သည်တော်များနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)