ကိုကိုးကျွန်း ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုစနစ်ပုံစံများ သိရှိစေပြီး ကျန်းမာရေးအဆင့်အတန်းတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဟောပြောပွဲတွင် သွားကျန်းမာရေးဆရာဝန်မှ စနစ်တကျသွားတိုက်နည်း၊ သွားနှင့်ခံတွင်းဆိုင်ရာအကြောင်းအရာများ သွားကျန်းမာရေးနှင့် ပက်သက်၍ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးဝန်ထမ်းများက သံကောင်၊ တုတ်ကောင်ရောဂါအကြောင်း သိကောင်းစရာများ၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန် နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးခြင်းနှင့် စနစ်တကျသွားတိုက်နည်းတို့ကို လက်တွေ့ဆောင်ရွက်ခဲ့ပြီး သွားစစ်ဆေးပေးခြင်း၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)