အ.ထ.က (စဉ့်ကိုင်) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၁၂

ကျောင်းသား/ကျောင်းသူလူငယ်များ အသိတိုးပွားစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာများ တိုးပွားစေရေး၊ နိုင်ငံ‌တော်အတွက် အကျိုးပြုနိုင်‌သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းလာစေရေးတို့ကိုရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေး‌ရာအသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် (၁၀) နာရီက အ.ထ.က (စဉ့်ကိုင်) ကျောင်းရှိ သဇင်ခန်းမ၌ ကျင်းပခဲ့သည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက လူငယ်ရေးရာဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရဲလှိုင်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်သား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးဆွေးဖြေကြားခဲ့ကြောင်းနှင့် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက ‌ခန်းမအတွင်း ပြသထားသော အသိပညာဗဟုသုတ စုံလင်သည့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာ‌ပေးကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

လူငယ်ရေးရာဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရဲလှိုင်၊ အခြေခံ ပညာအထက်တန်းကျောင်း (စဉ့်ကိုင်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား /ကျောင်းသူများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်) (၃၉၉)