မြဝတီ ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီ၌ ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော်ဦးဆောင်၍ အမှတ် (၄) ရပ်ကွက်ရှိ ခရိုင်ကော်မရှင်ရုံးနှင့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲပေးစက် ထားရှိသည့် အမှတ် (၄) ရပ်ကွက် ရဲစခန်းဝင်းတို့၌ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ခရိုင်ကော်မရှင်ရုံးတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိကိုလည်းကောင်း မီးသတ်ဆေးဘူး စနစ်တကျ ထားရှိမှုရှိ /မရှိကိုလည်းကောင်း စစ်ဆေးဆောင်ရွက်ခဲ့ကြကာ ခရိုင်ကော်မရှင်ရုံးတွင် ထားရှိရမည့် မီးသတ်ဆေးဘူးအား ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းထက်ထံ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော်၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းထက်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးပြည့်ဖြိုးကျော်နှင့် တာဝန်ရှိသူများက မြို့မရဲစခန်းရှိ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာမဲပုံးများ ထိန်းသိမ်းထားရှိသည့်အခန်း၌ မီးဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိနှင့် မီးသတ်ဆေးဘူး စနစ်တကျထားရှိမှုရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူများကို လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)