ဘားအံမြို့တွင် ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာများ စိုက်ထူ

ဘားအံ ဒီဇင်ဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လှုံ့ဆော်ရေးပိုစတာများစိုက်ထူခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေး အသိပညာပေးပိုစတာ စိုက်ထူရာတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ လှုံ့ဆော်ရေးပိုစတာများအား ဘားအံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်လွင်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လူစည်ကားသည့်နေရာများဖြစ်သော ဇွဲကပင်ပလာဇာအရှေ့၊ ကမ်းနားလမ်းညဈေး၊ မြို့မဘောလုံးကွင်း၊ ရေပေါ်ဈေး၊ အမှတ် (၂) ရပ်ကွက်ရုံးရှေ့တို့တွင် စိုက်ထူပေးခဲ့ကြောင်း သိရသည်။

စိုးစိုးအေး(ပြန်/ဆက်)