ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် အ‌ခြေခံပညာအလယ်တန်းအဆင့် ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ

ဒဂုံအရှေ့ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် ကစားသမားများ ပေါ်ထွက်လာ‌စေရန်ရည်ရွယ်ချက်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပရာ ဒဂုံမြို့သစ်ခရိုင်ပညာရေးမှူး ဦးငွေသူရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူငယ်မောင်မယ်များ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသန်း‌ဇော်က အဖွင့်အမှာစကားပြောကြားရာတွင် အားကစားပြိုင်ပွဲများကို တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် လူငယ်လူရွယ်များ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် ပြေးခုန်ပစ်ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ဒိုင်လူကြီးများက အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြေးခုန်ပစ်ပြိုင်ပွဲကို မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ မီတာ (၂၀၀) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အလျားခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသားသံပြားဝိုင်းပစ်ပြိုင်ပွဲများဖြင့် ကျင်းပရာဒဂုံမြို့သစ်ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးပြီး ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ