သန်လျင်မြို့နယ်၌ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်း

ရန်ကုန် ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်များ၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်းဆောင်ရွက်ရာတွင် MPT ကုမ္ပဏီဝန်ထမ်းများနှင့် Asia Megarlink တို့ပူးပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေး ဆက်သွယ်ရေးကြိုးများအား ရှင်းလင်းခြင်းနှင့် ရှုပ်ထွေးနေသော Cable ကြိုးများအား ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ