လှိုင်မြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်

လှိုင် ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန် ပုံငွေမှထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လှိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးချင်းပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်ရှိ ရပ်ကွက်များအတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ် ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွက် တစ်ဦးလျှင် ထောက်ပံ့ ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် (၃) လစာ ထောက်ပံ့ငွေအား လူဦးရေ (၁၄၃၃) ဦးအတွက် ငွေကျပ်စုစုပေါင်း (၈၅၉၈၀၀၀၀/-) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)