ပန်းဘဲတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ပန်းဘဲတန်း ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာရေးဆရာအောင်သင်းရေးသားသော “အတွေ့အကြုံနှင့်အတွေးအကြံ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ဆွေးနွေးပွဲတွင် (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးသူရဇော်က အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမတင့်တယ်ခင်နှင် စာရေးဆရာအောင်ချစ်မိုးတို့က မုဒိတာစကားများ ပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ ဒေါ်ဖြူဖြူဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာမလှိုင်မေသစ်ဦးကြည်က “အတွေ့အကြုံနှင့်အတွေးအကြံ” ဆောင်းပါးကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက အဆိုပါဆောင်းပါးတွင် ပါဝင်သည့် အကြောင်းအရာတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ စာရေးဆရာများနှင့် စာပေဝါသနာပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)