ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး  လူကုန်ကူးမှုအန္တရာယ်များကိုလည်းကောင်း၊ ဒုတိယရဲမှူးက လူကုန်ကူးမှု ဖြစ်ပွားရခြင်းအကြောင်းရင်းနှင့် လူကုန်ကူးမှုဖြစ်စဥ်များကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိက လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာများအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကိုလည်းကောင်း၊ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ဝင်ဒေါ်နန်းညွန့်ညွန့်ခင်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောခဲ့ကြကြောင်းနှင့် ကျောင်းသား/ ကျောင်းသူ (၁၈၀) ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)