နောင်ချို ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး P-Fizer ကိုဒီဇင်ဘာ ၁၀ ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အသက်၆၀နှစ်အထက် သက်ကြီးဘိုးဘွားများ၊ တောင်ရှည်တပ်နယ်မှ အရာရှိ/ အရာခံ/ အကြပ်/ စစ်သည်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ စုစုပေါင်း (၁၀၀၀)ကျော်ခန့်ထိုးနှံပြီးကြောင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ဆေးထိုးရန်ကျန်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးအလုံးရေ ၂၃၈၈ လုံး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)