မိုင်းခုတ် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ဉာဏ်စမ်းပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဉာဏ်စမ်းပြိုင်ပွဲသို့ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၁ဝ)ဦးက အမေးအဖြေကဏ္ဍဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းခုတ်မြို့ရုံးအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားလူငယ်များဉာဏ်ရည်ထက်မြက်စေရန်နှင့် စာပေဖတ်ရှုလေ့လာသည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခင်သန္တာအောင်မိုင်းခုတ်မြို့(ပြန်/ဆက်)