ပင်းတယ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောင်စုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ကျောင်းသူများအား (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်များနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်က “လေထုညစ်ညမ်းမှုနှင့် နောက်ဆက်တွဲဆိုးကျိုးများ” အကြောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေဆွေမြင့်မှ “ကျား/မအခြေပြုအကြမ်းဖက်မှု “အသိပညာပေးတို့ကို အသီးသီးဆွေးနွေးပြောကြားကာ ဟောပြောပွဲနှင့်သက်ဆိုင်သည့် အသိပညာပေး ဗီဒီယိုကလစ်တို့ကို ပြသပေးသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) ဝန်ထမ်းများမှ ကျောင်းသား/ကျောင်သူများမှတစ်ဆင့် မိဘပြည်သူများ သိရှိစေရန်အတွက် “ဒို့အတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံဆော်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)