ကလောမြို့နယ်၊‌ အင်း‌ခေါင်းကျေးရွာရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကလော ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီခွဲက အင်းခေါင်းကျေးရွာ၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်မင်္ဂလာခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်းခေါင်းကျေးရွာ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းနှင့်ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်တို့က လူငယ်ရေးရာနှင့်ပတ်သက်၍ ကျောင်းသား၊‌ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ဗလငါးတန်အကြောင်းနှင့် စာအုပ်၊စာ‌စောင်များအား ကျောင်းအားလပ်ချိန်တွင် ဖတ်ရှုခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုဆိုင်ရာအကြောင်း အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှု့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)