မိုင်းခုတ် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈) နှစ်ပြည့်ပြီး သူများအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့မွန်းလွဲပိုင်းက မိုင်းခုတ်မြို့ နောင်တုံဂိတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်တွင် “ရွေးကောက်ပွဲမှသည်ပိုမိုကောင်း မွန်သောအနာဂတ်ဆီသို့”၊ “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ”၊ “ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာဖော်ဆောင်နိုင်ပါသည်” ၊ "ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့"၊ “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့” စသည့်ဆောင်ပုဒ်များပါဝင်သည်။
ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်သန္တာအောင်(မိုင်းခုတ်မြို့၊ ပြန်/ဆက်)