ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲ ဆောင်ရွက်

ညောင်ရွှေ ဒီဇင်ဘာ ၁၁

၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က လွတ်လပ်ရေးဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေးနေ့ ဦးတည်ချက်များ လွတ်လပ်ရေးထိန်းသိမ်းစောင့်ရှောက်မှုနှင့် အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ခဲ့ပြီး ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ အလားတူ ကလေးစာဖတ်ခန်း၌လည်း စက္ကူခေါက်ခြင်း၊ ပုံပြင်ပြောခြင်းများကို ဆောင်ရွက်ခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ