မိုင်းခတ် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Women Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ် ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အကြောင်းနှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီး၊ Women Club အသင်းမှဥက္ကဌဒေါ်နော်ဝါဝါမောင် ကစာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးမည့် စာအုပ်ပါ အချက်အလက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် စာရေးဆရာဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)ရေးသားသည့် "အတွေးမှန်ကူကွက်များ" စာအုပ်အားစာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူအမျိုးသမီးများအသင်း (Women Club)မှ အဖွဲ့ဝင်များက အသက်မွေးတတ်ဖို့က အရေးကြီးပါတယ်၊ နှုတ်သံချိုမြ ပီသစေချင်၊ စိတ်လည်းချမ်းသာ ကိုယ်ကျန်းမာဖို့စသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)