ကျိုင်းလပ် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေး နယ်လှည့်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက အခြေခံပညာမူလတန်းကျောင်း(ဝမ်မီးမိုင်)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန်းစန်းမြင့်က စာဖတ်ရှိမြှင့်တင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းသည် အာရုံစူးစိုက်မှုအားကောင်းလာခြင်း၊ ဦးနှောက်၏ မှတ်ဉာဏ်စွမ်းအင်ကို တိုးတက်ကောင်းမွန်လာခြင်း၊ စကားပြောစွမ်းရည်များ ပိုမိုကောင်းမွန်လာခြင်း၊ အသိပညာများ ပိုမိုရရှိစေခြင်းနှင့် အတွေ့အကြုံသစ်များရရှိစေခြင်း၊ စာအုပ်စာပေ၏ အကျိုးကျေးဇူးများကို ဆွေးနွေးဟောပြောခဲ့ပြီး၊ ရုပ်သံကျွမ်းကျင်-၃၊ ဒေါ်မေဇင်ဦးက စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့်အတိုင်း လူတို့၏မိတ်ဆွေစစ်များမှာ စာအုပ်များပင်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် ကျောင်းသားလူငယ်များအတွက် စာပေသင်ကြားရာတွင် အထောက်အကူဖြစ်စေရုံသာမက အထွေထွေဗဟုသုတကိုလည်း ရရှိစေနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)