(၇၈)နှစ်မြောက် လွပ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် ထက်၊ လယ်၊ မူ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နောင်ချို ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် (၇၈)နှစ်မြောက် လွပ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲအား မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးသင်း၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူအထက်တန်းအဆင့်(၈)ဦး၊ အလယ်တန်းအဆင့်(၁၀)ဦး၊ မူလတန်းအဆင့်(၁၉)ဦး စုစုပေါင်း(၃၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)