ကျောက်ဆည်မြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်

ကျောက်ဆည်  ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထိုက်ထိုက်ဇော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီက ကျေးရွာများသို့ ကွင်းဆင်း၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်တွင် မဲစာရင်းများမှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက် သည်။

ထိုသိုစိစစ်ရာတွင် ကျောက်ဆည်မြို့နယ်  ဟံမြင့်မိုရ်ကျေးရွာအုပ်စု ပုန်းညက်ကျေးကျေးရွာအုပ်စု (စျေးရွာကျေးရွာ)​၊ သမန္တလင်းကျေးရွာအုပ်စုများတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်နွဲ့နွဲ့ခိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ  ဒေါ်နှင်းယုသင်းနှင့်အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်