သာစည် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများ၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး မဲစာရင်းများကို အိမ်တိုင်ရာရောက်စနစ်ဖြင့် မြေပြင်ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂ ရက်နံနက်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ ညောင်ရမ်းမြို့မနှင့် ညောင်ရမ်းဈေးကျေးရွာ အုပ်စုတို့တွင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သည်။
သာစည်မြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂၁ ရက်က ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင် ၁၆၀၇၉၈ ဦး ရှိကြောင်း သိရပြီး ကွင်းဆင်းဆောင်ရွက်ရာ၌ အဆိုပါစာရင်းကိုအခြေခံ၍ စာရင်းကျန်ရှိနေသူများအား ထပ်မံဖြည့်စွက်နိုင်ရန်နှင့်မဲစာရင်းတွင် မပါဝင်သင့်သူများအား ပယ်ဖျက်ခြင်းတို့ကို မှန်ကန်စွာစိစစ်ဆောင်ရွက်နိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ ၁၄ ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်