ဟားခါး ဒီဇင်ဘာ ၂
ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ စျေးသစ် ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး ( HPV ) ထိုးနှံခြင်းအခမ်းအနားကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်နှင့် သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း အခမ်းအနားတွင် ဟားခါးမြို့ပေါ်ရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သေးသည့် မိန်းကလေး ငယ်များအား ထိုးနှံပေးခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ် ကြောင်းလည်းကောင်း ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)