မိုးကောင်း ဒီဇင်ဘာ ၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မဲရုံမှူးနှင့်ဒု-မဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် (၁၀) နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်တို့မှ အဖွင့်အမှာစကားပြောကြား၍ ဥပဒေအရာရှိ ဒေါ်ထက်ငြိမ်းဟန်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်သူဇာဝင်းက သင်တန်းကိုဆက်လက်ဖွင့်လှစ်သင်ကြားသည်။
မိုးကောင်းမြိုနယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၄၅) အုပ်စု၊ မဲရုံစုစုပေါင်း ၆၈ ရုံရှိသဖြင့် မဲရုံမှူး (၆၈) ဦး၊ ဒုမဲရုံမှူး (၆၈) ဦး တက်ရောက်ပြီး မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ မဲရုံလုပ်ငန်းလမ်းညွှန်နှင့် MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုပုံတို့ကို စာတွေ့၊ လက်တွေ (၂) ရက်တာကာလ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး